"ပျားစွဲသောမုတ်ဆိပ် ဓါတ်ဘိသိတ်"
ပျားစွဲသောမုတ်ဆိပ် ဓါတ်ဘိသိတ် ဂမ္ဘီရအစီအမံကို ကျွန်ုပ်မှာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ နီးပါးကပင် လေ့လာဖတ်ရှုဘူးခဲ့ပြီး အထူးစိတ်ဝင်စားခဲ့သည့် ဂမ္ဘီရ ပညာရပ်တခုဖြစ်ပေသည်။
ဤသို့ပင် ကျွန်ုပ် လေ့လာဘူးခဲ့သော ဂမ္ဘီရပညာ ရပ်များထဲတွင် စိတ်ဝင်စားမှုထူးကဲသည့် ပညာရပ်များရှိခဲ့ပါသော်လည်း ကျွန်ုပ်မှာ လက်တွေ့ပြုလုပ်ခဲ့ဘူးသည့် အစီအမံမှာ လွန်စွာမှ နည်းပါးလှလေ၏။ ထိုသို့မလုပ်ဖြစ် ခဲ့တာက ဘာကြောင့်လဲ ဟု တစုံတဦးမှ မေးလာပါကလည်း ဘာရယ်မဟုတ်ပါဘူး ... မယုံလို့လဲမဟုတ်ဘူး .. လက်တွေ့လုပ်ဖို့ စိတ်ထဲ နည်းနည်း လိုနေသလို ခံစားနေရလို့ပါ ... အဲ့တာကြောင့် ပညာရပ်တွေအပေါ် ထပ်လေ့လာဉီးမှာပါ .. ဟုပင် ပြောဖြစ်လေ့ရှိတတ်၏။
ဤ သို့နှင့်ပင် ၂၀၀၃ ခုနှစ်၊ မတ်လအတွင် အဘ ဒေါက်တာ မင်းသိင်္ခ ၏ အယူတော်မင်္ဂလာခြံ မှော်ဘီကို ပထမဉီးဆုံးရောက်ဖြစ်ခဲ့တော့၏။
အဘ ထံ ဗေဒင်၊ ယတြာ ဂမ္ဘီရပညာ ရပ်များစွာကို သင်ယူခဲ့သလို အဘ နဲ့ ဆရာများ ဆရာမများက သင်တန်းကာလတွေမှာ သူတို့တတွေ အဘ ထံသင်ယူတတ်မြောက်ခဲ့သလို လက်တွေ့ကို အသုံးချအောင်မြင်တဲ့ ဗေဒင် ယတြာ ၊ အင်း၊ စမ ၊ အနောက်တိုင်း ဗေဒင် နှင့် အနောက်တိုင်း ဂမ္ဘီရပညာရပ်တွေကို စေတနာ မေတ္တာအမှန်နဲ့ သင်ကြားပေးခဲ့ကြပါသည်။
ကျွန်ုပ်အနေဖြင့် ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှ စတင်ကာ ရက်ပေါင်း ၁၀၂၉ ရက်ရှိသော ၃၄၃ ရက် ဖြင့် ၃ ကြိမ် ၊ အဓိိဋ္ဌာန် လုပ်ချိန် ၃ နစ်ခန့်ရှိသော မဟာဂန္ဓာရီ အဓိဋ္ဌာန်ကြီးကို စတင်ပြုလုပ်ခဲ့တော့၏။
ထိုသို့ အဓိဋ္ဌာန် ပြုလုပ်ပြီး တလကျော်မှာဘဲ ဖော်ပြပါ ပျားစွဲသည့် မုတ်ဆိပ် ဓါတ်ဘိသိတ် ကို ကျွန်ုပ်ရင်းနီးခင်မင်သူ ကိုအေးချို ဆိုသူ ကိုယ်တိုင် ဓါတ်ပုံရိုက်ကာ Photo Shop ပညာရပ်ဖြင့် ပြုလုပ်ပေးခဲ့လေ၏။
ကျွန်ုပ်မှ ရက်ကောင်းရက်မြတ်ရွေးကာ သံဃာတော်များပင့် ဆွမ်းကပ်ကာ အဆိုပါ အောင်ကောင်းမွန် မုတ်ဆိပ်ပျားစွဲပြီ ဟုဆို သည့် ဓါတ်ကို စတင်အောင်မြင်စွာ စီမံဆောင်ရွက်နိုင်ခဲ့လေတော့၏။
သို့ဖြစ် ၍ ကျွန်ုပ် မိတ်ဆွေအပေါင်း နှင့် တပည့် များအပေါင်းတို့ ကို ယခု ပြန်လည်မျှဝေဖော်ပြခဲ့ခြင်းပင်ဖြစ်ပါသည်။
ပြုလုပ်ပုံအဆင့်ဆင့်အား ဖော်ပြပေးပါမည်။
