ကျွန်ုပ်သိသောသင်၏အနာဂတ်
ဆရာ အောင်ကောင်းမွန် ၏ Myanmar Astrology Application မှ သင့်အတွက် တိကျမှန်ကန်သည့် သင့်ဘဝအတွက် အဓိကကျသည့် ဟောချက်များ၊ သင့်ဘဝတွင် ကြုံတွေ့ရမည့် အားနည်းချက် ၊ အားဟာချက်များကို ကြိုတင်သိရှိ၍ သတိရှိစွာ ထိမ်းညှိကာ သင့်ဘဝ အောင်မြင်မှုများကို လက်ဝယ် ရရှိပိုင်ဆိုင်ဖို့အတွက် ယခု သင့်အတွက် ဟောပြောတဲ့ ဗေဒင်ဟောစာတမ်းကြီးအတွင်း ပါဝင်မှာဖြစ်ပါသည်။
သင့် ဘဝ တလျှောက်လုံးတွင် မုချ အကျိုးပေးကြီးပွားချမ်းသာမည့် လုပ်ငန်းအမျိုးအစား၊ သင့်ဘဝတလျှောက်တွင် ကံတရားကလည်းအထောက်အကူပြုပြီး ကျိုးစားလုပ်ကိုင်သလောက်လည်း အကျိုးမြတ်ခံစားရမည့် လုပ်ကိုင်သင့်သည့် အလုပ်အမျိုးအစားများ၊ သင့်ဘဝတလျှောက်တွင် ကျိုးစားသလောက် အကျိုးခံစားရပြီး ကံတရားကတော့ အထောက်အကူမပြုဘဲ ဝရိယ အကျိုးခံစားရမည့် အလုပ်အမျိုးအစား၊ သင့်ဘဝတလျှောက် ကျိုးစားသလောက်လည်း အကျိုးမရှိ ကံတရားကလည်း အထောက်ပူမပြုသည့် ဘဝတွင် လုံးဝကို မလုပ်သင့်သည့် အလုပ်အမျိုးအစား တွေကိုလည်း တပါတည်း တွက်ချက်ဖော်ပြပေးသွားမှာပါ။
နောက်တချက်ကတော့ လူဘဝမှာ ဟိုအရေး၊ ဒီအရေးတွေထဲ က အရေးကြီးလှသော အိမ်ထောင်ရေး နဲ့ပတ်သက်လို့ အိမ်ထောင်မရှိသေးသူများအတွက် ဘဝမှာ အိမ်ထောင်မပြုသင့်သည့် နေ့နံသား သမီးများ၊ ဘဝအတွက် အိမ်ထောင်ဘက်အဖြစ် ရွေးချယ်သင့်ပြီး အိမ်ထောင်ရေး သုခ မုချ ခံစားရမည့် အိမ်ထောင်ဘက် ဟာ မည်သည့် နေ့သား၊ နေ့သားသမီးဆိုတာကိုလည်း တွက်ချက်ဟောပြောမှုတွေကို ဒီ ဟောစာတမ်းကြီးအတွင်း ပါဝင်မှာဖြစ်ပါသည်။
ဘဝအတွက် ဆောင်ရန် နှင့် ရှောင်ရန်အချက်အလက်များ၊ လက်ရှိ အချိန်ကာလ ရောက်သက်မှာ သင့်ရဲ့ လုပ်ငန်းခွင်မှာ အဆင်မပြေ အထစ်အငေါ့တွေ အချို့ရှိနေတာတွေ၊ သင့်ရဲ့ လုပ်ငန်းတွေက ကျိုးစားသလောက်မအောင်မြင် လှော်ရင်းနှစ်နေသလို ကံကြမ္မာမျိုးကြုံတွေ့ခံစားနေတာတွေ အဆင်ပြေ အောင်မြင်မှုတွေ ရရှိစေမည့် ယတြာ အစီအမံတွေကိုလည်း တပါတည်းတွက်ချက် ရေးသားဖော်ပြပေးလိုက်မှာဖြစ်ပါတယ် ။
ယခု ရောက်ရှိဖြတ်သန်းနေတဲ့ ရောက်သက် တနှစ်သာ အတွင်း သင် ကြုံတွေ့ဖြတ်သန်းရမည့် ကံကြမ္မာ အဆိုးအကောင်း အကျိုး အကြောင်း တွေကို တိတိကျကျ တွက်ချက် ဟောပြောမှုတွေကို ဒီဟောစာတမ်းကြီးမှာ အဓိက ရေးသားဖော်ပြပေးလိုက်မှာဖြစ်ပါသည်။
အဲ့တာကြောင့် မလို့ သင်ဟာ လက်ရှိ ကံ ကောင်းနေချိန်လား၊ ဒါမှ မဟုတ် ကံကောင်းတဲ့ အချိန်ကာလ မဟုတ်သေးဘူးလား ဆိုတာတွေကို ကောင်းကောင်း သိရမှာဖြစ်လို့ စွန့်စားရမည့် အလုပ်မျိုးတွေကို ဒီအချိန်မှာ လုပ်သင့်၊ မလုပ်သင့် ကို ကောင်းကောင်း ကြီးကို သင်အနေနဲ့ သိရှိရမှာဖြစ်ပါသည်။
အဲ့ဒါကြောင့် မို့ ကျွန်ုပ် သိသော သင့် ဘဝ အနာဂတ် လို့ အမည်ပေးထားတဲ့ ဗေဒင် ဟောစာတမ်းကြီးကို သင့် ဘဝအောင်မြင်ရေးအတွက် အထူးတန်ဖိုးထား ဖတ်ရှု သိမ်းဆည်းနိုင်ဖို့ကိုလည်း တပါတည်း စာမျက်နှာတွေအလိုက် ပရင့်ထုတ် စာအုပ်ချုပ်ထားနိုင်သလို မိုဗိုင်းဖုန်း၊ ကွန်ပျူတာအတွင်း အစဉ်မြဲ သိမ်းဆည်းထားဖို့ အတွက် အွန်လိုင်းစာမျက်နှာတွေမှတဆင့် Offline ဖိုင်အဖြစ် လွယ်ကူစွာ ပြောင်းလဲ သိမ်းဆည်းနိုင်အောင် ပြုလုပ်ပေးလိုက်ပါတယ်။
ဘယ်လိုဘဲ ဖြစ်ဖြစ်ပါ လေ.... လူဘဝ တလျှောက်မှာ ကြီးပွားအောင်မြင်သူ တဦး တယောက်အဖြစ် သင် မုချ ဖြစ်လာစေဖို့ ကျွန်ုပ်က စေတနာ မေတ္တာအမှန်နဲ့ ကျွန်ုပ် နှစ်ပေါင်းများစွာ သုသတသနပြု တွက်ချက်ဟောပြောခဲ့တဲ့ မြန်မာရိုးရာ အဆင့်မြင့်ဗေဒင် ပညာရပ်များ၊ ဂဏန်းဗေဒင်၊ ယတြာ ဂမ္ဘီရ ပညာရပ်များဖြင့် ယခုလို ကောင်းမြတ်သော မင်္ဂလာတရားနဲ့အတူ တွေဆုံကြုံရတဲ့ ကျွန်ုပ်နဲ့ သင် ဆုံတွေ့ခြင်းမှ စလို့ သင့် ဘဝ ကြပွား အောင်မြင် ချမ်းသာပြည့်စုံသူတဦး အဖြစ် ဘဝမှာ မြင့်မားသည်ထက်ပိုလို့ မြင့်မား အောက်မြင်သူ တဦးဖြစ်စေဖို့ ကျွန်ုပ်က မေတ္တာရိပ်မှာ စေတနာစိတ်ကို သေစ္စာပြုလို့ ကောင်းစွာ တတ်ကျွမ်းထားသည့် ဗေဒင် ယတြာ ဂမ္ဘီရပညာရပ်များဖြင့် သင့် ဘဝ ကံကြမ္မာကို ကောင်းစွာတွက်ချက်ဟောပြောပေးဖို့ မိတ်ဆက် သတင်းကောင်းပါးလိုက်ရပါသည်။
မေတ္တာများစွာဖြင့်
ဆရာ အောင်ကောင်းမွန်