မှန်သလားတော့မမေးနဲ့ ဂျပ်စီဟောကိန်း

  သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်

By Aung Kung Mon



တွက်နည်းလေးကလည်း လွယ်ကူပါတယ်။ ပထမ ( A ) ဆိုတဲ့ အကွက်မှာ ကိုယ့်ရဲ့ အသက်ကို အတိအကျရေးရ မယ်။ အပေါ်က (B ) ဆိုတဲ့ အကွက်မှာတော့ ရောက်ဆဲ သက္ကရာဇ်ကို တစ်လုံးထဲ ရအောင်ပေါင်းပြီး ရေးရမယ်။ အောက်က ( D ) ဆိုတဲ့ အကွက်မှာတော့ ကိုယ့်ရဲ့ မွေးရက်ကို တစ်လုံးထဲ ရအောင် ပေါင်းပြီး ရေးရမယ်။ နောက် ( A )နဲ့ (B) ပေါင်းလို့ ရတာကို (C)ဆိုတဲ့အကွက်မှာ ထည့်ရမယ်။ နောက်အောက်က (A)နဲ့(D)ပေါင်းလို့ ရတာကို (E) ဆိုတဲ့အကွက်ထဲမှာ





ထည့်ရမယ်။ နောက်ဆုံးမှာ (C)နဲ့(E)ကို ပေါင်းပေါ့။ အဲဒါ အဖြေပဲ။ အောက်မှာ အသက် (၃၄)နှစ်ရှိတဲ့ မွေးရက် (၈)ဂဏန်းသမား နမူနာ တွက်ပြထားတာ ကြည့်ရင် ရပါပြီနော။ ပေါင်းတဲ့အခါ ကြတော့လည်း (၅၂)

မကျော်အောင် ပေါင်းရပါတယ်။ အားလုံး အဆင်ပြေကြပါ စေဗျာ။


ပိုပြီးရှင်းအောင် ယခုနမူနာတခုတွက်ပြပါမယ်---

ယခု(၁၉၇၆)ခု-ဖေဖော်ဝါ၇ီလ(၁၁)ရက်မွေးဖွားသူ ဦးဝေလင်း ဆိုသူအားယခုတင်ပြခဲ့သောဂဏန်း

ဗေဒင်ပညာဖြင့်နမူနာတွက်ပြပါမည်။


၂၀၁၂-၁၀-၉

၁၉၇၆- ၂-၁၁

၃၆-၇- ၂၈

ယခုလက်ရှိ ဦးဝေလင်း ဖြစ်သူ၏ရောက်သက်မှာ၃၆နှစ်(၇)လနှင့်(၂၈)ရက်ဖြစ်သောကြောင့်

သူ၏အသက်ကို(၃၇)နှစ်ဟုမှတ်ယူတွက်ချက်ရပါမယ်။မည်သူမဆို၇ောက်သက်ပြည့်ပြီးလျှင်တစ်နှစ်ပိုတွက်ပေးရပါမည်--ယခုပြခဲ့သလို(၃၆)နှစ်ပြည့်ပြီးဖြစ်သည့်အတွက်ကြောင့်(၃၇)နှစ်ဟုတွက်ချက်ရမည်ဖြစ်ပါသည်။

ပထမအနေနှင့်သူ၏အသက်နှင့်ယခု၇ောက်နေသောသက္ကရာဇ်တလုံးထဲဂဏန်းနှင့်ပေါင်းရပါမယ်။

ဒုတိယအဆင့်အနေနှင့်သူ၏အသက်နှင့်သူ၏မွေးဂဏန်းကိုတလုံးထဲပြုလုပ်ပြီးပေါင်းပေးရမည်ဖြစ်


သည်။ပေါင်းလို့ရလာသောအဖြေဂဏန်းဟာလဲတလုံးထဲသာဖြစ်ရပါမည်။တကယ်လို့အဲ့ဒီနေ

ရာမှာနှစ်လုံးဖြစ်ခဲ့ရင်တလုံးထဲဖြစ်အောင်ပြန်ပေါင်းပေးပါ။

အခုစတွက်ရမှာက--

အသက်(၃၇)နှစ်+၇ောက်ဲသက္ကရာဇ်တလုံးထဲဂဏန်း၂+၀+၁+၂=(၅)ဖြစ်သောကြောင့်

၃၇+၅=(၄၂)-----ဒီလိုရပါတယ်။ဒါဟာပထမအဆင့်လို့မှတ်ယူပါ။

ပြီးတော့်ဒုတိယအဆင့်အနေနဲ့

အသက်နဲ့မွေးဂဏန်းပေါင်းရမှာပါ။

အသက်(၃၇)+မွေး၇က်မှာ(၁၁)ရက်ဖြစ်သောကြောင့်---၁+၁=(၂)နှစ်ဂဏန်းသမားလို့မှတ်ယူရပါမယ်။

ဒါကြောင့်

၃၇+၂=(၃၉)ရပါတယ်--ဒီ၃၉ကိုတော့တလုံးထဲဖြစ်အောင်ပြန်ပေါင်းပေးရပါမယ်။(၃+၉=၁၂ထပ်ပေါင်း၁+၂=၃)ရပါတယ်။

ဒါကတေ့ဒုတိယအဆင့်ပါ။

အဲ့ဒီမှာပထမအဆင့်ပေါင်းလို့ရတဲ့အဖြေ (၄၂)နဲ့ ဒုတိရအဆင့်ရတဲ့တလုံးထဲဂဏန်းနဲ့ပြန်ပေါင်းရပါမယ်။ဒါကတော့တတိယအဆင့်လို့မှတ်ယူပါ။

အဲ့တော့ -----၄၂+၃=(၄၅)ရပါတယ်။ဒီ( ၄၅ )အဖြေ ဟာယခုနမူနာတွက်ပြသူဦးဝေလင်း ၏ဒီနှစ်အသက်ပိုင်းဖြစ်လာမဲ့ကံဇာတာဟောစာတန်းပါဘဲ---

အဲ့တော့ အောက်မှာပြထားပြီးဖြစ်တဲ့နံပတ်(၄၅)အဖြေကိုပြန်ကြည့်ရအောင်--

(၄၅) ကြံစည်မှု့တွေ အောင်မြင်ခြင်း တိုးတက်မှုတွေ ရရှိခြင်း၊ အရှိန်အဝါ မြင့်မားခြင်း၊ ရိုသေခန့်ညားမှု ရရှိခြင်း၊ ကိုယ့်နည်း ကိုယ်ဟန်နဲ့ မျှော်လင့်ထားသမျှ ၊ တီထွင်ထားသမျှ ကြိုးစားထားသမျှ အကောင်အထည် ဖော်လာပြီး အောင်မြင်မှု ပန်းတိုင်းကို မလွဲမသွေ ရောက်ရှိမည်။ မျှော်မှန်းချက် အရာတွေ အားလုံးပြည့်ပြီ။ထီပေါက်မည်။

ဒီဟောချက်ထွက်လာပါတယ်--ဒါဟာ ဦးဝေလင်းဆိုသူယခုသူ့၇ောက်သက်မှာဖြစ်လာမဲ့ကံဇာတာပါဘဲ--

အဆင်ပြေကြပါ စေဗျာ။


မေတ္တာအနန္တဖြင့်


အောင်ကောင်းမွန်(လားရှိုး)


10 / ဤ အချိန်သည် ပြီးခဲ့သော နှစ်ကပြုလုပ်ခဲ့သော ကောင်းမှု၊ မကောင်းမှု အကျိုးတရား ရလဒ်တို့ကို ခံစားရမည့် ကာလဖြစ်သည်။ မနှစ်က ကြိုးစားလုပ်ခဲ့လျှင် ယခု ထိပ်တန်းသို့ ရောက်ရှိမည်။ တကယ်၍ မလုပ်သင့်သည် များကို လုပ်ခဲ့လျှင် ယခုဒုက္ခ ရောက်ပေတော့မည်။ ထို့ပြင် နေရာထိုင်ခင်း၊ လုပ်ငန်း ပုံစံ ပြော

င်းရလိမ်မည်။ ဤအချိန်၌ ဘဝအလှည့် အပြောင်းနှင့် မုချတွေ့ရမည်။ ကံကြမ္မာ လှည်းဘီး လည်ပတ်ချိန်ဖြစ်သည်။


11/ ကြီးမားတဲ့အတိုက်အခိုက်၊ အနှောက်အယှက်တွေ့မယ်၊ ဒါကို ကာကွယ် ခုခံလို့လည်း မဖြစ်နိုင်၊ အထင် လွဲမှားမှုတွေ နဲ့ကြုံရမယ်၊ ရှင်းလို့ကို ရမှာမဟုတ်ဘူး၊ ကျည်းကြပ်တဲ့ နေရာကို ရောက်မယ်၊ အမှုအခင်း ကြုံတွေ့ရမယ်၊ ကိုယ်ရောစိတ်ပါ ဆင်းရဲနေမယ်၊ မကောင်းတာတွေနဲ့ ဘဲကြုံတွေ့ဘို့ရှိတယ်။ သိမ်ကိုညံ့နေတယ် လို့သတိပေးပါရစေ


12 / သင်၏ ကံကြမ္မာသည် ဇောက်ထိုးမို့မျှော် အကောင်းမှ အဆိုးသို့ ရောက်သွားလိမ်မယ်။ စီးပွားရေး အတော်ညံ့တယ်။ အလုပ်အကိုင်က မကောင်းဘူး၊ လူမှုရေးကလည်း ကောင်းစရာက တစ်ကွက်မှမရှိဘူး၊ အတော်ကို ညံ့နေပါတယ်။ အစစအရာရာ သတိထားရမယ့် ကာလပဲ၊ သူတပါးကို အနှောက်ယှက် ဖျက်ဆီးခံရ၍ ကြေကွဲစရာနှင် ကြုံတွေ့ရမည်။


13 / ဤအချိန်အတွင်း တိုးတက်မှုများ ကြုံမည်။ ရာထူးတက်ခြင်း၊ စီးပွားတက်ခြင်းမှ အစ လုပ်သမျှအောင် မြင်မည်။ သတိထားရမည်မှာ ရန်ရှိနေပါသည်။ ဘာကိုဘဲ လုပ်လုပ် ဆုံးရှုံး နစ်နာစရာမရှိပါဘူး၊ အစမကောင်း၍ အနှောင်း မသေချာဖြစ်တတ်တယ်။


14 / ဤအချိန်အတွင်း၌ သင်သည် အလိမ်ခံရတတ်သည်၊ အန္တရာယ်ရှိသည် ပေါက်ကွဲတတ်သော ပစ္စည်းများကို ကိုင်တွယ်ခြင်း မပြုရ သူတပါးကြောင့် ဒုက္ခရောက်တတ်သည်။ ဘာကိုဘဲ လုပ်လုပ် ဆုံးရှုံး နစ်နာတတ်ပါသည်။ စိတ်မထိမ်းနိုင်၍ ပျက်စီး ဆုံးရှုံးလိမ့်မည်။ သူတစ်ပါးကြောင့် စိတ်ညစ်ရမည်။


15 / မုချတိုးတက်မှုများ ကြုံမည်၊ အလုပ်အကိုင် အကြံအစည်များ မြင့်မားတိုးတက်သွားလိမ့်မည်၊ ကံကောင်းသောအချိန်ကို ရောက်ပြီ၊ စီးပွားရေး၊ အလုပ်အကိုင်၊ အချစ်ရေး၊ အိမ်ထောင်ရေး ၊ ခရီးသွားရေး မည်သည့် အရေးမဆို အားလုံးကောင်းသည်။ အောင်မြင်သည် အထိအလုပ်ရန် စိတ်အား လူအား လျော့နည်း သွားတတ်သည်။


16 / အထူးသတိထားပါ၊ စိတ်ညစ်စရာတွေ တစ်ခုပြီး တစ်ခုလာလိမ့်မယ်၊ မကောင်းတာတွေ လာတော့မယ်၊ လုပ်တိုင်း မဖြစ်တာတွေ လာတော့မယ်။ အရေးနိမ့်ခြင်းတွေ လာတော့မယ်၊ ခွဲခွာခြင်းတွေ လာတော့မယ်၊ အဲဒါတွေ အားလုံးဟာ အခုမတွေ့လဲ တနေ့နေ့ တချိန်ချိန်မှာ တွေ့ရမယ်။


17 / ရှေ့ရေးအတွက် ဘာကိုမျှ တွေးပူမနေပါနဲ့၊ ပူစရာကို လုံးဝမလိုတော့ပါ၊ ငြိမ်းချမ်းခြင်းနှင့် တရားဓမ္မကိုလိုချင်သလား၊ တန်ခိုးသြဇာရှိခြင်းနှင့် ရာထူးဌာနန္တရကို လိုချင်သလား၊ ချမ်းသာကြွယ်၀ ခြင်းကို လိုချင်သလား၊ မေတ္တာတရားကို လိုချင်သလား၊ နံမည်ကြီးခြင်းကို လိုချင်သလား ဘာကိုဘဲလိုချင်လိုချင် မုချရရှိမည့် အချိန်ကိုရောက်ပြီ ။


18 / ဤအချိန်သည် အလွန်ကို ရန်များတဲ့ အချိန်ဘဲ သွေးထွက်သံယို ဖြစ်တတ်တယ်။ ရေဘေး မုန်တိုင်း ပြင်းထန်တဲ့ ပေါက်ကွဲမှုကြုံ ရတတ်တယ်၊ လူလိမ်ခံရခြင်း၊ မတော်တရား အပြောခံရခြင်း ကြုံရတတ်တယ်။ ဘယ်အလုပ်မျိုးကို ဘယ်လောက် ကောင်းအောင်လုပ်လုပ် ဘာမှ အရာမထင်ဘူး။ စိတ်အိုက်စရာတွေ စိတ်မချမ်းမြေ့စရာတွေ၊ မျှော်လင့်ချက် မဲ့စရာတွေ အားလုံး ရောက်လာမယ်၊ အံကြိုတ်ပြီးသာ ခံပေတော့။


19 / ဤအချိန်သည် လက်ရှိအဆင့်ထက် အဆမတန် မြင့်တက်သွားမည်။ ပျော်စရာ အကောင်းဆုံးဘဲ။ တစ်သက်လုံး နလန်မထူ နိုင်အောင် ဖြစ်နေစမ်းပါစေ၊ ကောင်းစားတဲ့ အချိန်ကိုရောက်ပြီ။ ဆင်းရဲသား မင်းဖြစ်ဆိုတာ ဒီလို အချိန်မျိုးဘဲ ကံတရားက မျက်နှာသာ ပေးနေပြီ မဟုတ်ပါလား။


20 / ဆုံးရှုံးသွားတာတွေ ပြန်ဖြစ်လာမယ်၊ ကဲ့ရဲ့တဲ့ လူတွေက ချီးမွမ်းတော့မယ်။ ရွှံမုန်းတဲ့သူတွေက ကောင်းချီးပေးလိမ့်မယ်။ သဘောမတူတဲ့ သူတွေ ခေါင်းငြိမ့်လိမ့်မယ်။ မောင်းထုတ်တဲ့သူတွေ ကိုယ်တိုင်က သင့်ကိုပုခုံနဲ့ ထမ်းပြီး တင်ကြလိမ့်မယ်။ ကံတရားက ကိုယ်သွားချင်တဲ့ ဆီကိုပို့ပေးလိမ့်မယ်။


21 / ဤအချိန်က စပြီး ကြုံတွေ့ခဲ့ရတဲ့ ပင်ပန်းမှုတွေ၊ ဒုက္ခတွေ၊ ဆုံးရှုံးမှုတွေ အားလုံး ပြီးသွားပါပြီ၊ ပြည့်စုံမှုတွေ အေးချမ်းမှုတွေ အားလုံး ရောက်လာပြီး ကောင်းသော ပြောင်းလဲခြင်းပါပဲ။ ရှေ့ရေးအတွက် ပူစရာမလို တော့ပါ။ အဆင်ပြေစရာ၊ စိတ်ချမ်းသာစရာ တွေက စောင့်မျှော် နေတယ်။


22 / ဘေးဒုက္ခ ရောက်လာတာကို မသိဘဲ ခံရလိမ့်မယ်။ ကျောချမှ ဓားပြမှန်းသိ ဆိုတဲ့ ကိန်းမျိုးဘဲ၊ မိတ်ဆွေက သစ္စာဖောက်မယ် အသားထဲက လောက်ထွက် ဆိုတာမျိုးပေါ့ အရှိန်အဝါတွေ မှေးမှိန်လိမ့်မယ် သြဇာတွေ ကျဆင်းလိမ့်မယ်၊ မျက်နှာပန်း မလှဖြစ်လိမ့်မယ်၊ မလုပ်သင့်တာတွေ လက်ခံမိလိမ့်မယ်၊ မတွဲရမှာတွေနဲ့ တွဲမိလိမ့်မယ်။


23 / ဘယ်သူရဲ့အကူအညီမျှ မပါဘဲ ကိုယ်ပိုင်မှု ၊ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဉာဏ်နဲ့ ကြီးပွားမယ်၊ ကောင်းစားမယ်၊ ကြက်သရေ မင်္ဂလာ အခါကောင်း အချိန်ကောင်းဘဲ၊ ဘာမှ စိုးရိမ် ပူပန်စရာ မလိုတော့ဘူး၊ ပိုင်ဆိုင်စရာ ရှိတာတွေ ပိုင်ဆိုင်ရတော့မယ်၊ ဖြစ်ချင်တာတွေ လိုချင်တာတွေ အားလုံး ဖြစ်လိမ့်မယ်။


24 / သင်သည် ပိုင်ဆိုင်မှုတွေ၊ ကျက်သရေ မင်္ဂလာတွေ၊ ပစ္စည်း ဥစ္စာတွေ၊ စိန်ရွှေရတနာတွေ၊ တိုးတက်မှုတွေ၊ အောင်မှုတွေ ဒီရေအလား တိုးတက် လာတော့မယ်။


25 / တိုက်ရိုက်ကြီး ကံကောင်းတာတော့ မဟုတ်ဘူး၊ ကြိုးစားမှုတွေ၊ ဆုံးရှုံးခဲ့တဲ့ အတွေ့အကြုံထဲက အသီးအပွင့်ဘဲ။ ခံရတုန်းက အလူးအလိမ့်ခံရသလို၊ ကောင်းတော့လဲ အပြက်အသတ် ကောင်းတာမျိုးပေါ့။ ဘယ်သူမှ လိုက်လို့မမှီဘူး၊ ဘယ်သူနဲ့ ယှဉ်ယှဉ် ကိုယ်က သာနေလိမ့်မယ်၊ ကံတရားက အခွင့်အရေး ပေးပြန်ပြီကိုး။


26 / မကောင်းဘူး၊ သိပ်ကိုညံ့တယ် သတိသာ ထားပြီးနေတော့ ရှိတာတွေ သွားတော့မယ်၊ တောင်းကို မှောက်ပြီး သွန်လိုက်သလို ဝေါခနဲ ထွက်ကုန်လိမ့်မယ်။ အခြေအနေ အတော့ကို ပျက်သွားလိမ့်မည်။ ဖြစ်နိုင်ရင် ရိပ်သာတခုခုမှာ တရားအားထုတ်နေပါ ကံတရားက မညှာမတာ နှိပ်စက်တော့မယ်။


27 / ဒီအချိန်မှာ အရှိန်အဝါ မြင့်မားမယ်။ တန်ခိုးသြဇာ ကြီးမယ် ရိုသေခန့်ငြားကြ လိမ့်မယ်၊ တိုးတက်စရာတွေ ရှိသမျှ အကုန်တိုးတက် လိမ့်မယ်၊ ကိုယ်ပိုင် တည်တွင်ထားတာတွေ ကြိုးစားထားတာတွေ အကောင်အထည့် ဖော်လိမ့်မယ်။


28 / အလိမ်ခံရမည်။ ပစ္စည်းများ ဆုံးရှုံးတတ်သည်။ အိမ်ထောင်ရေး ဒုက္ခဖြစ်တတ်သည်။ ရာထူးထန္တရများ၊ သြဇာအာဏာများ အခြေအနေများ ဆုတ်ယုတ် သွားတတ်သည်။ အစစအရာရာ ဆုံးရှုံးနစ်နာခြင်းများ လာတတ်သည်။ အထူး သတိထားပါ၊ အိမ်ထောင်ဘက်နှင် ခွဲနေရတတ်သည်။


29 / မကောင်းတဲ့ အချိန်ကို ရောက်နေပြီ အနာဟောင်း ပေါ်တတ်တယ်၊ ပြဿနာဟောင်း၊ အမှုဟောင်းလဲ ပေါ်တတ်တယ်၊ ဒုက္ခတွေ တပတ်ကြော့ ပြန်လာတာဘဲပေါ့၊ အသားထဲက လောက်ထွက်လိမ့်မယ်၊ အချင်းချင်းတွေက သစ္စာဖောက်လိမ့်မယ်၊ မနာလို မရူ့စိမ့်တဲ့ သူတွေက မကောင်းသတင်း ဖြန့်ကြလိမ့်မယ်။


30 / အစစအရာရာတွင် တိုးလိုတန်းလန်း ဖြစ်နေတတ်သည်၊ ရှေ့သို့လည်း မတက် ၊ နောက်သို့လည်းမဆုတ် ဖြစ်နေတတ်သည်။


31 / တကိုယ်ရေ တကာယ နေရတတ်တယ်၊ ဒီအချိန်ဟာ သိပ်ညံ့တယ်၊ ကံတရားက နှိုပ်စက်လိမ့်မယ်၊ လုပ်သမျှတွေ အားလုံးလွဲ ချော်ကုန်မည်၊ရစရာတွေလည်း လက်မတင်လေး လွတ်သွားလိမ့်မယ်၊ ကူညီမလိုနဲ့ ဒုက္ခပေးတဲ့ လူတွေနဲ့ တွေ့လိမ့်မယ်၊ နေနစ်သူကို ဝါးကူလို့ ထိုး ဆိုတဲ့ အဖြစ်မျိုး ကြုံရလိမ့်မယ်။


32 / နိမ့်ကျသူများပင် အဆမတန် မြင့်တတ်သွားမယ်၊ ငမွဲများ ချမ်းသာကြွယ်၀ သွားမယ်၊ အားလုံး ဖြစ်လာလိမ့်မယ်၊ ဘာကိုမှ မပူပါနဲ့၊ ကိုယ့်အတွက်လည်း မပူနဲ့ ပတ်ဝန်ကျင် အတွက်လည်း မပူနဲ့၊ သိကြားကိန်း ရောက်ပြီ၊ အဆိုးတွေ မရှိတော့ဘူး၊ အညံ့တွေကုန်ပြီး။


33 / ဒီအချိန်မှာ တစ်စုံတစ်ခုကို ဆုံးဖြတ်ချုက် ချရလိမ့်၊ အဲဒီဆုံးဖြတ်ချက် မှန်လိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် လုပ်သာလုပ်ပေတော့ အမှန်တွေ ဖြစ်လာလိမ့်မယ်။ ဒီအချိန်မှာ ရဲရဲကြီးသာ လုပ်ပါ နောက်မဆုပ်ပါနဲ့၊ အကောင်းတွေကြီး ဖြစ်လာတော့မယ် အောင်မြင်မှုတွေ ရလာတော့မယ်။


34 / စိတ်ညစ်စရာတွေ၊ ဝမ်းနည်းစရာတွေ မမျှော်လင့်ဘဲ ပေါ်ထွက်လာလိမ့်မယ်၊ အံတုဖက်ပြိုင်ခြင်း ခံရလိမ့်မယ်။ လောလောဆယ် မကောင်းသော်လည်း၊ နောင်ရေကောင်းသည် အခုနစ်နာခံခြင်းသည် နောင်ကောင်းစားဖို့ အတွက်ဖြစ်သည်။ ဒီအချိန်မှာ အရေးကြုံ သက်လုံကောင်းစေ ဆိုသလို ဒုက္ခကို ခံနိုင် အောင်လေ့ကျင့်ထားပါ။


35 / အလွန်ညံ့သော အချိန်ဖြစ်သည် မမျှော်လင့်သော အန္တရာယ်၊ ဒုက္ခများ ဆက်တိုက် လာလိမ့်မည်။ အခြေအနေ ဆုတ်ယုတ်မှု များဖြစ်လိမ့်မည်။ စီးပွားပျက်ခြင်း၊ အိမ်ထောင်ပျက်ခြင်း၊ အောင်မြင်မည်ဟု မျှော်လင့်ထားသော စားမေးပွဲကျခြင်း စသော ကျဆုံးမှုများ မုချလာမည်။


36 / တန်ခိုးတက်ခြင်း၊ အသစ်ဖန်တီးနိုင်ခြင်း၊ ကိုယ်ပိုင်ဉာဏ်ဖြင့် ကြီးပွားခြင်း၊ အရည်အချင်း ပြနိုင်ခြင်း၊ ကံကောင်းခြင်း ဖြစ်ပေါ်လာလိမ့်မယ်။ မိတ်ဆွေကောင်း တွေ့မယ်။ ကြံစည်းသမျှ အားလုံး အောင်မြင်ဖြစ်ထွန်းလိမ့်မယ်။ အနုပညာ လုပ်ငန်းအောင်မြင်မယ် ငွေကြေးများစွာရမယ်၊ အချစ်ရေး အလွန်ကောင်း၊ ချမ်းသာသူနဲ့ လက်ထက်ရမယ်။


37 / အပြောင်းအလဲတွေ ဖြစ်လိမ့်မယ် အိမ်ပြောင်း၊ နေရာပြောင်း၊ လုပ်ငန်း၊ အကြံအစည် အတွေးအခေါ်ပြောင်းစတဲ့ ပြောင်းလဲခြင်းတွေ ချည်းဖြစ်မယ်၊ အကောင်းနဲ့ အဆိုးဇွန်တွဲနေတယ် အကောင်းဘက်ကို အလေးသာအောင် ဘာသာတရားကို ကိုင်းရှိုင်းပြီး အလှူအတန်းလုပ်ပါ။ အထက်တန်း နေရာကို ရောက်ရမည်။ အကြီးအကဲ၊ လူအများ၏ ကူညီစောင်မမှုရမည်။


38 / ဒီအချိန်မှာ ရင်းနှီတဲ့ သူတွေနဲ့ ခွဲခွာရတတ်တယ်၊ သူတပါးက ကိုယ့်ကိုမကောင်းပြောတတ်တယ်။ အုပ်စုဖွဲ့ပြီး ချောက်ချကာကို ခံရတတ်တယ်။ အနာဟောင်း၊ အမှုဟောင်း ပေါ်တတ်တယ်။ ကိုယ်က အမှန်လုပ်ပါရက်နဲ့ အချုပ်ခန်းထဲ ရောက်သွားတာ ဒီအတွဲမျိုးပဲ၊ အရေးကြီးတယ်။ အထူးသတိထားပါ။


39 / ဒီအချိန်ဟာ စိတ်ဓါတ်ကို ဦးစားပေးဖို့ လိုတယ်၊ စိတ်အားရုံ စေစားသမျှ အရာတွေ အားလုံးဖြစ်တတ်တဲ့ သဘောရှိတယ်။ လိုချင်တာတွေ အကုန်ရမယ်၊ စီးပွားရေး တိုးတက်လိမ့်မယ်၊ မရောက်ဘူးတဲ့ နေရာတွေကို သွားရောက်ရတယ်၊ လိုချင်တဲ့ အရာတွေပေါ်မှာ အာရုံမဖြတ်ပါနဲ့ အားလုံးပြည့်စုံလိမ့်မယ်။


40 / ဒီအချိန်ဟာ သိပ်ကို ကံဆိုးနေတယ်လို့ ဆိုရမယ်၊ ဒုက္ခဘုံ အလယ်မှာ ထွက်ပေါက်မရှိ လမ်းပိတ်နေသူ တစ်ယောက်လို့ အစစအရာရာ လမ်းစပျောက်နေလိမ့်မယ်၊ ရရှိမယ် အခွင့်အရေးတွေ လက်လွက် ဆုံးရှုံးမယ်၊ မိမိကို ဒုက္ခပေးမယ့်သူတွေနဲ့သာ ကြုံရတတ်တယ်၊ လောကဓံတရားရဲ့နှိပ်စက်မှုဒဏ်ကို အလူးအလဲခံရမယ်။ မထေမဲ့မြင် လုပ်ခြင်း ခံရမယ်။


41 / ဒီအချိန်မှာ အထူး ဂရုစိုက်ရမယ်။ သဘာ၀ ဘေးအန္တရာယ်တွေ ကြုံရလိမ့်မယ် ။ သတိဝိရိယရှိတို့က လွဲပြီး ဘယ်အရာမှ မတတ်နိုင်ပါ၊ မသိ နားမလည်သူတွေကို ဝေးဝေးရှောင်ပါ၊ ကိုယ့်ကို တနည်းနည်းနဲ့ ဒုက္ခပေးလိမ့်မယ်။ ကောင်းသော အပြောင်းအလဲတွေဖြစ်ပေါ်လိမ့်မယ်၊ ကောင်းပါတယ် ။ အရေးကြီးတာက သတိရှိ ဖို့ပါဘဲ။


42 / ပိုင်ဆိုင်မှုတွေ တိုးတက်မှုတွေ ကြက်သရေ မင်္ဂလာတွေ၊ ပစ္စည်းဥစ္စာတွေ၊ ဥစ္စာဓနတွေ၊ အောင်မှုတွေ လိုအင်ဆန္ဒတွေဟာ လုံး၀ ပြည့်စုံလာနေပြီ၊ ဒီအချိန်မှာ ကံကောင်းခြင်း၊ ပြည့်စုံခြင်း ဆိုတာတွေ အကုန်ရမှာပါ။ ကြံစည်ထားသမျှ မျှော်လင့်ထားသမျှ စိတ်ကူးထားသမျှ အားလုံးပြည့်စုံနေပြီ ဥစ္စာသင့်တင့်စွာရမည်။


43 / အခြေအနေတွေ အားလုံး ဖရိုဖရဲ ဖြစ်သွားလိမ့်မယ်၊ အကြံအစည်တွေ အားလုံး လွဲချော်ကုန်လိမ့်မယ် မျှော်လင့် ချက်တွေ မှုန်ဝါးသွားလိမ့်မယ်၊ ရှေ့တိုးလဲမရ နောက်ဆုတ်လို့ မဖြစ်ဆိုတဲ့ အချိန်မျိုးဘဲ ဘေးကြပ်နံကြပ် အခက်အခဲ တွေ့လိမ်မယ် ။ ဒါပေမယ့် စိတ်ကို တင်ထားပါ၊ သန်းခေါင်ကျော်ရင် မိုးလင်းတတ်တယ် မဟုတ်ပါလား။


44 / အရှိန်အဝါတွေ ကျဆင်းလာမယ်၊ မလုပ်သင့်တာတာတွေ လုပ်မိလိမ့်မယ်၊ မကြံစည် သင့်တာ ကြံစည်လိမ့်မယ်၊ မိတ်ဆွေက သစ္စာဖောက်ပြီး ရန်သူဖြစ်လာမယ်။ လိမ်ညာခံရခြင်း၊ ရန်သူကို မိတ်ဆွေထင်ခြင်း၊ လက်မခံသင့်တာ လက်ခံမိခြင်းစတဲ့ လောကကြီးရဲ့မာယာ ကွန်ယက် အောက်မှာ ဆုံးဆုံး နစ်မြုပ်သွားတတ်တယ်။ ဒါတွေကိုသတိနဲ့ ကြိုတင် တွန်းလှန်ကာကွယ်ပါ။


45 / ကြံစည်မှု့တွေ အောင်မြင်ခြင်း တိုးတက်မှုတွေ ရရှိခြင်း၊ အရှိန်အဝါ မြင့်မားခြင်း၊ ရိုသေခန့်ညားမှု ရရှိခြင်း၊ ကိုယ့်နည်း ကိုယ်ဟန်နဲ့ မျှော်လင့်ထားသမျှ ၊ တီထွင်ထားသမျှ ကြိုးစားထားသမျှ အကောင်အထည် ဖော်လာပြီး အောင်မြင်မှု ပန်းတိုင်းကို မလွဲမသွေ ရောက်ရှိမည်။ မျှော်မှန်းချက် အရာတွေ အားလုံးပြည့်ပြီ။ထီပေါက်မည်။


46 / အန္တရာယ်တွေ ဝိုင်းရံနေပြီလို့ဆိုရမယ်၊ အမှတ်မထင် အမှားတွေ ကျူးလွန်းမိမယ် ။လုပ်ငန်းတွေမှာ မျှော်မှန်းသည်ထက် ဆုံးရှုံးမှု တွေ တွေ့ကြုံရမယ်၊ အချိန်မတန်ဘဲ မစွန့်စားသင့်ဘဲ စွန့်စားခြင်းကြောင့် ဆုံးရှုံးနစ်နာမှုတွေ ကြုံရမယ်၊ ဒါကြောင့် ဘယ်ကိစ္စဘဲ ဖြစ်ဖြစ် စဉ်းစားညှိိုနှိုင်းပြီးမှ လုပ်သင့်တယ်။


47 / ဘိုင်င်ကျနေသူတွ၊ အဆင့်အတန်း နိမ့်သူတွေ၊ ကြိုးစားပြီး အရာမထင်သူတွေ မွဲတေနေသူများပင် ချမ်းသာ ကြွယ်ဝမှု့ရသွားခြင်း၊ တိုးတက် မှုများတွေ့ကြုံခံစားရခြင်း၊ အရည်းအချင်းတောက်ပြောင်လားခြင်း၊ စည်းစိမ်ဥစ္စာ ရတနားများ ရရှိခြင်းနှင့် မိတ်ဆွေကောင်းများ ရခြင်းတွေ ဖြစ်လာရပေသည်။ တစ်သက်တာတွင် သရဖူ ဆောင်ခွင့်ရပြီ။


48 / ဒီအချိန်အတွင်း ညံ့နေပါသေးတယ်၊ အနစ်နာခံရတာမျိုး၊ အများကြောင့် ဓားစားခံဖြစ်ရတာမျိုး ၊ ချောက်တွန်း ခံရတာမျိုးတွေနဲ့ ကြုံတွေ့ရလိမ့်မယ်၊ အထူးသတိထားဖို့ လို့ပါတယ်။ ဖုံလုံ တလှည့်၊ ငါးဖျံတလှည့် ဆိုတာ ဒီလိုကိန်းခန်း ကြုံတဲ့အခါမျိုးမှာ တွေ့ရတာဘဲ၊ အစစအရာရာ သတိဝိရိယရှိရှိ ဆောင်ရွက် လုပ်ကိုင်သင့်တယ်။


49 / မမှန်မကန် လိမ်ညာမှုတွေ မိတ်ဆွေတုတွေ၊ အယောင်ဆောင်မှု လှည့်စားမှုတွေကို အမှန်ထင် မြင် ယူဆနေတတ်သည်၊ အမှားကို အမှန် အတုကို အစစ်လို့ ယုံကြည်တတ်တယ် ကျူးလွန်လေ့ ရှိနေတတ်သည်။ တကိုယ်တည်း အထီးကျန်နေတတ်သည်။ ပတ်ဝန်းကျင်၏ အထင်သေးမှုများ တွေ့ကြုံရမည်။


50 / အလုပ်အကိုင် ပြောင်းလဲရခြင်း အကြံအစည်များ ပေါ်ပေါက်လာခြင်း၊ စည်းစိမ်ဥစ္စာ တိုးတက်ရရှိခြင်းတို့နဲ့ကြုံတွေ့ရလိမ့်မယ်။ ဒါပေမယ့် ကိုယ်ပိုင် အကြံဉာဏ်၊ စိတ်ကူးမှု တီထွင်မှုများကို သူတစ်ပါးက နှောင်ယှက် ဖျက်စီးတတ်ပါတယ်၊ ဒီအခါမျိုးမျာ အလျှင်စလို မလုပ်ဘဲ အကြံအစည်သစ် အလုပ် အကိုင်သစ် တွေကို စဉ်းစားချင့်ချိန် ပြုလုပ်ပါက အောင်မြင်မည်။


51 / မမျှော်လင့်ဘဲ ရုတ်တရက် တိုးတက်မှု ရတတ်သလို၊ သူတပါးရဲ့ ချောက်တွန်းမှုကိုလဲ ခံရတတ်တယ်၊ လူတစ်ယောက် ရုတ်ချည်း ချမ်းသာသွားတာ၊ အောင်မြင်သွားတာ ဒီလိုကိန်းမျိုးဘဲ၊ ဒီလိုကောင်းတာလဲ လွန်ရော၊ ဆိုးတာတို ပြန်လဲ ကြောက်စရာကြီးဆိုတော့၊ ဆိုးတာတွေ မလာရအောင် ကောင်းတဲ့ စေတနာ နဲ့လုပ်ပေတော့။


52 / ဒီလို ကိန်းမျိုး ကြုံတဲ့အခါ မိမိရဲ့ ကံကြမ္မာ အလှည့်အပြောင်းတွေ ၊ ဖြစ်လာမယ့် အန္တရယ်တွေ ။ ကြုံရမယ့် အဖြစ်သနစ်တွေကို ကြိုတင် ကာကွယ်ထားရမယ်လို့ သတိပေးလိုပါတယ်။ ကြိုတင် ကာကွယ် စောင့်ရှောက်ခြင်းဟာ အကောင်းဆုံးပါပဲ။



မူရင်းကျမ်း

ဆရာကြီး အဘ ဒေါက်တာ မင်းသိင်္ခ

ဂျပ်စီဟောကိန်း ဂဏန်းဗဒင်

Popular posts from this blog

အထူးဗေဒင်ဟောစာတမ်း

ဗေဒင်‌မေးကြမယ်

ကျွန်ုပ်သိသောသင်၏အနာဂတ်